Friday, July 12, 2013

ဒေါင်းကလေးများ (Down Syndrome)

ဆေးပညာအခေါ်ဖြင့် Down syndrome လို့ခေါ်တဲ့ ဒီရောဂါစုဟာဆိုရင် တိုးတက်နေတဲ့အခုခေတ်ကြီးထဲမှာအဖြစ်များလာတဲ့မွေးရာပါ Disorder တစ်ခုလို့ဆိုလို့ရပါတယ်။ဒီရောဂါကိုလေ့လာကြည့်တဲ့အခါမှာဖခင်ဘက်မှချို့ယွင်းလို့ Down Syndrome နဲ့ကလေးတွေမွေးတာထက်
မိခင်ဘက်ကချို့ယွင်းလို့ဖြစ်ရတာက အဆမတန်ပိုများပါတယ်။မိခင်ဘက်မှ ချို့ယွင်းလို့ဆိုတာကလည်းတစ်ခြားမဟုတ်ပါဘူးအသက်ကြီးမှကလေးယူတာပါ။မိခင်ရဲ့အသက်ကြီးလေလေ ဒေါင်းလေးမွေးဖို့အခွင့်အလမ်းများလေလေပါပဲ။
ကမ္ဘာမှာ ကလေးအယောက် ၁၀၀၀ မွေးတိုင်း ယေဘုယျအားဖြင့် ဒေါင်းလေးတစ်ယောက်ပါ တတ်ပါတယ်။
အမျိုးသမီးတစ်ဦးဟာ အသက် ၁၅ -၂၉ နှစ်ကြားကလေးယူမယ်ဆိုရင် မွေးလာတဲ့ကလေးက ဒေါင်းလေးဖြစ်နိုင်ခြေ ကလေးအယောက် ၁၅၅၀ မှာ ၁ ယောက်ပါ။
အသက် ၃၀-၃၄ ကြားကလေးယူမယ်ဆိုရင် ဒေါင်းလေးမွေးနိုင်ခြေက ကလေးအယောက် ၈၀၀ မှာ ၁ ယောက်ပါ။အသက် ၃၅ ကနေ ၃၉ ကြားဆိုရင်တော့ ဒေါင်းလေးမွေးနိုင်ဖြေ ၂၇၀ မှာ ၁ ယောက်၊ အသက် ၄၀-၄၄ ကြားဆိုရင် ၁၀၀ မှာ ၁ယောက်။အသက် ၄၅ နှစ်
နောက်ပိုင်းမှ ကလေးယူရင်တော့ ကလေးအယောက် ၅၀ မှာ ၁ ယောက် ဒေါင်းလေးပါတတ်ပါတယ်။
ဒေါင်းလေးတွေဟာဆိုရင် မွေးရာပါရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါလူစဉ်မမီပါဘူး။ဒါတင်မကပါဘူး မွေးရာပါ နှလုံးရောဂါ၊Thyroid ဟောမုန်းချို့တဲ့ရောဂါ၊အစာအိမ်နဲ့အူလမ်းကြောင်းကျဉ်းတဲ့ရောဂါတွေ နောက်ပြီး နားမကြားတာ မျက်စိတိမ်စွဲတာ မျက်စိစွေတာ
တွေပါ မွေးကတည်းက ပါလာတတ်ပါတယ်။
ဒီတော့ နယ်ပယ်အသီးသီးက ဖွဲ့ဖြိုးတိုးတတ်မှုကိုရှာနေတဲ့လူငယ်လူရွယ်တွေလည်း တိုးတတ်မှုလမ်းကြောင်းတွေပေါ်မှာပဲအချိန်ကုန်မနေပါနဲ့ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်လို့ နောင်မွေးလာတဲ့ကိုယ့်မျိုးဆက်မှာ ဒေါင်းလေးတွေဘေးမှဝေးနိုင်သမျှ ကင်းဝေးနိုင် ပါစေလို့ဆုမွန်ကောင်းတောင်းရင်း....

0 comments :

Post a Comment